ရမ်းဗြဲမြို့နယ်မှ ကျေးရွာတစ်ချို့တွင် အရက်လိုင်စင် ထုတ်မပေးရန်နှင့် အရက်ရောင်းချခွင့်ကို ပိတ်သိမ်း

ဖေဖော်ဝါရီ ၂၅
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် မြောက်ဘက်တိုက်နယ်နှင့် အရှေ့ဘက်တိုက်နယ်ရှိကျေးရွာများမှာ အမျိုးသမီး များဦးဆောင်ပြီး အရက်လိုင်စင်သစ်ထုတ်မပေးရန်နှင့် အရက်ရောင်းချခွင့်များအား ပိတ်ပင်လိုက်ကြောင်း သိရသည်။

ယင်းကဲ့သို့ အရက်လိုင်စင်ထုတ်မပေးရန်နှင့် အရက်ဆိုင်များ ပိတ်သိမ်းပေးရန်တောင်းဆိုရခြင်းမှာ အရက် သောက်စားမှုကြောင့် လင်မယားအချင်းချင်း စကားများရန်ဖြစ်ခြင်း၊ အရက်သောက်သုံးသူများ၏ သားသမီး များ မျက်နှာငယ်ရခြင်း၊ အမူးသမားများကြောင့် လမ်းသွားလမ်းလာ အန္တရာယ်များဖြစ်စေနိုင်ခြင်း စသည့်တို့ကြောင့် ရမ်းဗြဲမြို့နယ်မှ အမျိုးသမီးများ စုရုံးပြီး ပြီးခဲ့သည့် တန်ဆောင်မုန်းလမှ စတင်တောင်းဆိုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ကျမတို့အနေနဲ့ အရက်ရောင်းချခွင့်လိုင်စင်သစ်ကို ထုတ်မပေးဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့၊ ရဲတပ်ဖွဲ့တို့ကို တရားဝင်စာတင်ခဲ့တယ်။ နောက်ပြီးရွာထဲမှာရှိတဲ့ အရက်ဆိုင်ရောင်းချသူတွေရဲ့သဘောထားတွေကိုယူတယ်။ သူတို့ကတော့ လိုင်စင်သက်တမ်း ၄ လရှိသေးတယ်လို့ပြောတဲ့အတွက် ကျမတို့က ဆိုင်တစ်ဆိုင်ကို ၈၀၀၀၀ နှုန်းနဲ့ပေးခဲ့တယ်။ နောက်မရောင်းဖို့ပေါ့”ဟု ရမ်းဗြဲမြို့နယ် ရမ်းသစ်ကြီးအညာကျေးရွာမှ ဒေါ်ဌေးဌေးဝင်း ကပြောသည်။

အဆိုပါကျေးရွာများအတွင်း အရက်ခိုးရောင်သူများအား ဒဏ်ငွေ ၁၀၀၀၀၀ ကျပ်၊ အရက်သောက်သူအား ဒဏ်ငွေ ၃၀၀၀၀ ကျပ်၊ အမျိုးသမီးများမှပေးထားသော ငွေ ၈၀၀၀၀ ကျပ်အားလက်ခံယူထားသည့် အရက်ဆိုင်များမှ ထပ်မံအရက်ရောင်းချလျင် ငွေကျပ် ၈၀၀၀၀၀ အားဒဏ်ငွေအဖြစ်ပေးဆောင်ရမည်ဖြစ်ပြီး တစ်စုံတစ်ရာ မကျေနပ်၍ အမျိုးသမီးအဖွဲ့အား ဆဲဆိုမှုများရှိခဲ့ပါက ဒဏ်ငွေ ၅၀၀၀၀ ကျပ်အား ပေးဆောင်ရမည်ဖြစ်ကာ ထိုသို့ ဒဏ်ငွေများချမှတ်ပြီးနောက်ပိုင်း၌ ပတ်ဝန်းကျင်တွင်အရက် သောက်သုံးသူ လုံးဝမရှိတော့ကြောင်း လည်း၎င်းကပြောဆိုသည်။

Development Meadi Group

Related Posts

Bottom Ad Slot (728x90)

စာရီးသားပီပို့ချင်ကေ

Name

Email *

Message *