ဗိုလ်လောင်း ထက်ထက်အောင် (ခ) ခိုင်ထက်အောင်(ကျောက်ဖြူ)


ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ရီမျက်အုပ်စု၊ ကျူလွှင့်ကျေးရွာ၌ ၁၉၉၀ ခုနှစ်၊ ဇွန်လ (၁၇) ရက်နိတွင် မွီးဖွားခပါသည်။ အဘာမှာ ဦးအောင်ထွန်းကျော်(လယ်လုပ်)နှင့် အီးယောင်မှာ ဒေါ်နုသာဦးရို့ဖြစ်ကတ်ပါသည်။ မွီးချင်းမောင်နှမ (၂) ယောက်ထဲတွင် အထွီးဆုံးသားဖြစ်ပါသည်။ အ.မ.က ကျူလွှင့်၊ အ.လ.က ဗားရဗာနှင့် အ.ထ.က စနဲရို့တွင် ဝချေတန်းမှ တက္ကသိုလ်ဝင်တန်းအောင်မြင်သည်အထိ ပညာသင်ယူခပါသည်။
မိသားစုစားဝတ်နီရီးအတွက် အလုပ်လုပ်ယင်း ဝင်ငွေရှာဖွီခရပါသည်။ ၂၀၀၉ ခုနှစ်တွင် မလေးယှားနိုင်ငံသို့ ထွက်ခွာခပါသည်။ မလေးယှားတွင်ဟိနီစဉ် ရက္ခိုင့်တပ်မတော်နှင့် အဆက်အသွယ်ရဟိခပါသည်။
တိုင်းပြည်နှင့်လူမျိုးအတွက် ပီးဆပ်စွန့်ရွှတ်လုပ်ကိုင်လိုသော အခြီခံစိတ်ဓာတ်ကြောင့် ရက္ခိုင့်တပ်မတော်သို့ ဝင်ရောက်နိုင်အောင် ကြိုးစားခပါသည်။ မိမိကိုယ်တိုင်သာမက လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများကိုပါ စည်းရုံးခေါ်ဆောင်နိုင်ခပါသည်။
၂-၅-၂၀၁၃ တွင် ရက္ခိုင့်တပ်မတော်သို့ဝင်ရောက်ပြီး အခြီခံစစ်ပညာသင်တန်း အမှတ်စဉ်(၁၂)တွင် တက်ရောက်ခပါသည်။ သင်တန်းဆင်းပြီးနောက် ဗဟိုဌာနချုပ်တပ် လှုပ်ယှားစစ်ကြောင်းတွင် တာဝန်ထမ်းဆောင်ခပါသည်။ ထိုမှတစ်ဆင့် ဆက်သွယ်ရီးတပ်သို့ပြောင်းရွှိတာဝန်ထမ်းဆောင်ခြင်းခံရပြီး ဆက်သွယ်ရီးသင်တန်းကို တက်ရောက်အောင်မြင်ခပါသည်။ ထို့နောက် ဗိုလ်သင်တန်းတက်ရောက်ရန် ရွီးချယ်ခြင်းကိုခံရပါသည်။
ကျနော်ရို့ ကိုယ့်ဘားနယ်က ဗိုလ်လောင်းအတွက် မိသားစုနဲ့ ထပ်တူ ဝမ်းနည်းရပါရေ.....

Related Posts

Bottom Ad Slot (728x90)

စာရီးသားပီပို့ချင်ကေ

Name

Email *

Message *