ရခိုင်ပြည်နယ်လျှပ်စစ်ဓာတ်အား

ရခိုင်ပြည်နယ် လျှပ်စစ်ဓာတ်အား အပြည့်ရရှိနိုင်ရန် အိန္ဒိယကုမ္ပဏီမှ ကန်ဒေါ်လာ ၆၄.၀၇ သန်းချေးယူ
မိုးဝေ - ရခိုင်ပြည်နယ် (မြစ်မခ)
မေ(၉)ရက်၊၂၀၁၂ခုနှစ်။
၂၀၁၂ -၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် မဟာဓာတ်အားလိုင်းမှတစ်ဆင့် ရခိုင်သို့သွယ်တန်းရန် ကုန်ကျမည့် ငွေကြေးများထဲမှ အိန္ဒိယနိုင်ငံကုမ္ပဏီတစ်ခုမှ အမေရိကန်ဒေါ်လာ(၆၄.၀၇)သန်း ချေးယူထားကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိရေးအတွက် ဓာတ်အားလိုင်းနှင့်ဓာတ်အားခွဲ စက်ရုံများအတွက် လိုအပ်သောပစ္စည်းများဝယ်ယူရန် ကုန်ကျမည့်ငွေကြေးကို အိန္ဒိယနိုင်ငံကုမ္ပဏီတစ်ခုနှင့် မတ်လ(၂၀)ရက်နေ့က စာချုပ်ချုပ် ဆိုချေးယူခဲ့ခြင်းဖြစ်သည်။
ဓာတ်အားလိုင်းဆိုင်ရာပစ္စည်းများအား စာချုပ်လက်မှတ်ထိုးပြီးသည့်နေ့မှစ(၆)လအတွင်း ပစ္စည်းများရောက်ရှိမည်ဖြစ်ရာ (၁၅)လတာ ကာလအတွင်း အဆိုပါလျှပ်စစ်ဓာတ်အားလိုင်းကို အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။
“ဓာတ်အားလိုင်းသွယ်တန်းဖို့အတွက် လိုအပ်တဲ့ငွေကြေးကို အိန္ဒိယနိုင်ငံဆီက ချေးယူထားတာပါ၊ ကျပ်သိန်းပေါင်း ၅၁၂၅၆၀ ရှိပါတယ်၊ အဲဒီငွေနဲ့ဘဲ ရခိုင်မှာ ဓာတ်အားလိုင်းတွေ တည်ဆောက်ရမှာပါ” ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ဓာတ်အားလိုင်းအား ၂၀၁၃ ခုနှစ်တွင် စတင်သွယ်တန်းမည်ဖြစ်ရာ သွယ်တန်းမည့်ဓာတ်အားလိုင်းမှာ ၆၀၂ မိုင်ရှိပြီး ၂၃၀ကေဗွီဓာတ်အားခွဲရုံ(၅)ခု၊ ၁၃၂ကေဗွီဓာတ်အားရုံ(၁)ခု၊၆၆ကေဗွီ ဓာတ်အားရုံ(၆)ခု အသီးအသီး တည်ဆောက်မည် ဖြစ်သည်။
ဓာတ်အားလိုင်းသွယ်တန်းမည့်လိုင်းများမှာ ၂၃၀ ကေဗွီဓာတ်အားလိုင်းကို ဥသျှစ်ပင်-တောင်ကုတ် ဓာတ်အားလိုင်း (၆၉) မိုင်၊ တောင်ကုတ်-မအီ ဓာတ်အားလိုင်း(၃၅ )မိုင်၊ မအီ-စနဲ ဓာတ်အားလိုင်း(၄၂)မိုင်၊ ပဒါန်း-အမ်းဓာတ်အားလိုင်း (၈၀) မိုင်၊ အမ်း-မြောက်ဦး ဓာတ်အားလိုင်း (၁၀၀)မိုင်၊ ၁၃၂ ကေဗွီ ဓာတ်အားတွင် တောင်ကုတ်-သံတွဲ ဓာတ်အားလိုင်း (၃၀) မိုင် ၊ ၆၆ ကေဗွီ ဓာတ်အားလိုင်းတွင် စနဲ-ကျောက်ဖြူ ဓာတ်အားလိုင်း (၃၅)မိုင်၊ စနဲ-ရမ်းဗြဲ ဓာတ်အားလိုင်း (၁၄)မိုင်၊ မြောက်ဦး-ပုဏ္ဏားကျွန်း-စစ်တွေဓာတ်အားလိုင်း (၅၇)မိုင်၊ မြောက်ဦး-ကျောက်တော်(၂၆)မိုင်၊မြောက်ဦး-မင်းပြား ဓာတ်အား လိုင်း မိုင်(၂၀) စသဖြင့် မဟာဓာတ်အားလိုင်းမှ တစ်ဆင့် သွယ်တန်းမည် ဖြစ်သည်။
ကျိန္တလီ ဂွမြို့နယ်များသို့လည်း ၆၆ ကေဗွီ ဓာတ်အားလိုင်းအား တောင်ကုတ် သံတွဲအပိုင်းမှ သွယ်တန်းမည် ဖြစ်ကြောင်းသိရသည်။
ရခိုင်ပြည်နယ်တွင်လျှပ်စစ်မီး ၂၄နာရီရရှိရေး အတွက် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ တောင်းဆိုမှုများရှိခဲ့သလို ရခိုင်ကမ်းလွန်မှ ထွက်ရှိသည့် ဓာတ်ငွေ့ဖြင့် ရခိုင်ပြည်နယ်တွင် ၂၄ နာရီလျှပ်စစ်မီးရရှိရန် ကြိုးပမ်းမှုများရှိခဲ့သည်။
ရခိုင်ပြည်နယ် ကြံ့ခိုင်ရေးပါတီကမူ မဟာဓာတ်အားလိုင်းမှတစ်ဆင့် ရခိုင်သို့သွယ်တန်းရန်စီမံကိန်းနှင့် ပတ်သက်၍လက် ကမ်းစာစောင်များကိုပြည်သူတို့ထံ ဖြန့်ဝေလျှက်ရှိသည်။ အဆိုပါစာစောင်တွင် မဟာဓာတ်အားလိုင်းမှတစ်ဆင့် ရခိုင်သို့အဆင့်ဆင့်သွယ်တန်းမည့် ဓာတ်အားပေးစက်ရုံများ၊ ဓာတ် အားလိုင်းများကိုလည်း ထည့်သွင်းဖော်ပြပါရှိသည်။
ရခိုင်လျှပ်စစ်နှင့်ပတ်သက်၍တက်ကြွလှုပ်ရှားသူများကမူ ရခိုင်ကမ်းလွန်မှထွက်ရှိသည့် ဓာတ်ငွေ့ဖြင့် 
ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်ဖြန့်ဖြူးရန်လိုလားနေကြသော်လည်း ရခိုင်ပြည်နယ်အတွက် လျှပ်စစ်ကိုမူ မဟာဓာတ်အားလိုင်းကတဆင့် သွယ်တန်းမည်ဟု ၂၀၁၂ခုနှစ်ဇန်နဝါရီလ (၉)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အစည်းဝေး ခန်းမတွင် အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဝန်ကြီး ဦးခင်မောင်စိုးက
တက်ရောက်လာသော စာနယ်ဇင်းများသို့ ပြောကြားခဲ့သည်။

Media Group မှပြန်မျှ ဝီင်္ပီးပါရေ
Categories:
စနဲသားချေ
ဆက်ဖတ်ဖို့ဒေမှာပါကား
အရက်ကြောင့် ပျက် စီး နီကတ် ပါရေ

ကျနော် ရို. စနဲ ကျောက်ဖြူ ကားလမ်း တစ်နံ တလျား မာ ဒေသအခေါ် အုန်းရည် ချက်တေ အသေးစား လုပ်ငန်းထိ မကန်ဟိပါရေ။ ကျနော်ရို. တစ်ရွာနက် တစ်ရွာ ဘောလုံးကျောက် ကေ အိမ်ရှင်ရွာ က မိုးသောက် အရက် ညဇာ အရက် နက်ဧည့်ခံပါရေ။ မင်္ဂလာ ဆောင်ကေလည်း အရက် က အဓိက တနီရာက ပါ ပါရေ။ ရှင်ပြုကေလည်း မင်းကျွန် အဖွဲ. မင်းကျွန်မ အဖွဲ.ကို ပွဲသိမ်း ကေ အရက် တိုက်ရပါရေ။ အရက် မပါကေ အပြော ခံရပါရေ။( ဒေအိမ်သား ရှင်ပြုပွဲ အောက့်လိုက်တေ)။ အရက် မပါကေ ခောတ် မမီ သဘော သက်ရောက်ပါရေ။ စပါး ယတ် ပွဲ ဆိုကေလည်း အ၇က် က main ပါ။ အိမ် တိုင် ထူပွဲဆို ကေလည်း အဓိက အရက်ပါ။ သာရေး ကအစ နာရေး က အဆုံး အရက် က နီရာ ယူထားပါရေ။ အုန်းရည် အရက် ကလည်း အစိုး ရ ချက် အရက်ထက် ပြင်းရေ ကောင်းရေ လို.ပြော ကတ်ပါရေ။ ဈီး လည်းတန်ပါရေ။ ကျနော် ရို့ တိုက်နယ် တနံ တလျားမှာ ကကောင်း ပေါ ပါရေ။ ရခိုင်ပြည် အစိုးရ မှ တာဝန် ဟိရေ လူကြီးတိ မယောင် မလည် လာကြည့် ကတ်ပါ။ လူငယ် လူရွယ် တိ အရက်ကြောင့် ပျက် စီး နီကတ် ပါရေ။ (စာရီး အမှား ပါကေနားလည် ပီး စီချင်ပါရေ။)
အေကြောင်ရာကို Snay Tharr facebook ပြန်ပနာတောင်ဆက်ပီးစွာပါ
Categories:
စနဲသားချေ
ဆက်ဖတ်ဖို့ဒေမှာပါကား
Subscribe to:
Posts (Atom)