ရမ်းဗြဲမြို့နယ်မှ ကျေးရွာတစ်ချို့တွင် အရက်လိုင်စင် ထုတ်မပေးရန်နှင့် အရက်ရောင်းချခွင့်ကို ပိတ်သိမ်း

ရမ်းဗြဲမြို့နယ်မှ ကျေးရွာတစ်ချို့တွင် အရက်လိုင်စင် ထုတ်မပေးရန်နှင့် အရက်ရောင်းချခွင့်ကို ပိတ်သိမ်း
ဖေဖော်ဝါရီ ၂၅
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် မြောက်ဘက်တိုက်နယ်နှင့် အရှေ့ဘက်တိုက်နယ်ရှိကျေးရွာများမှာ အမျိုးသမီး များဦးဆောင်ပြီး အရက်လိုင်စင်သစ်ထုတ်မပေးရန်နှင့် အရက်ရောင်းချခွင့်များအား ပိတ်ပင်လိုက်ကြောင်း သိရသည်။

ယင်းကဲ့သို့ အရက်လိုင်စင်ထုတ်မပေးရန်နှင့် အရက်ဆိုင်များ ပိတ်သိမ်းပေးရန်တောင်းဆိုရခြင်းမှာ အရက် သောက်စားမှုကြောင့် လင်မယားအချင်းချင်း စကားများရန်ဖြစ်ခြင်း၊ အရက်သောက်သုံးသူများ၏ သားသမီး များ မျက်နှာငယ်ရခြင်း၊ အမူးသမားများကြောင့် လမ်းသွားလမ်းလာ အန္တရာယ်များဖြစ်စေနိုင်ခြင်း စသည့်တို့ကြောင့် ရမ်းဗြဲမြို့နယ်မှ အမျိုးသမီးများ စုရုံးပြီး ပြီးခဲ့သည့် တန်ဆောင်မုန်းလမှ စတင်တောင်းဆိုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်ဖတ်ဖို့ဒေမှာပါကား

ပတ္တမြားဒေဝီ စောမဲကျီ-သူတော်ကောင်း သူမြတ်လောင်း ပေါ်ထွန်းလေ့ရှိတဲ့ မိမိတို့ ရမ္မာဝတီ။

ပတ္တမြားဒေဝီ စောမဲကျီ-သူတော်ကောင်း သူမြတ်လောင်း ပေါ်ထွန်းလေ့ရှိတဲ့ မိမိတို့ ရမ္မာဝတီ။



 (ပတ္တမြားဒေဝီ ဇာတ်လမ်း ဗွီဒီယိုကို မကြည့်ရှုမီ အမှာစကား) ဗမာဘုရင်ဘိုးတော်ဘုရား(မောင်ဝိုင်း) မကျူးကျော်ခင်ကလ လွန်ခဲ့တဲ့ရာစုနှစ်အနည်းငယ်က မိမိတို့ရွာအနီးကန်ဒိုင်းနယ် (ရွာရင်းရွာ) ဆိုတဲ့ ရွာကလေး မှာ ပါရမီရှင်မိန်းကလေးတစ်ဦး မွေးဖွားခဲ့ပါတယ်။ ငယ်စဉ်ကပင်စိတ်နေစိတ်ထား၊ အကျင့်စာရိတ္တ အလွန်ကောင်းမွန်ပြီး ဘာသာရေးမှာ စိတ်ဝင်းစားလေ့ရှိတော့ လူကြီးများနှင့် ဘုန်းကြီးကျောင်းသို့သွားပြီး ဥပုသ်သီလဆောက်တည်လေ့ရှိတယ်။ အသား နည်းနည်းညိုတာမို့ စောမဲကြည်(ရခိုင်လို စောမေးကျီ) လို့ပဲခေါ်ကြတယ်။ တစ်နေ့မှာ သူငယ်ချင်း များနှင့် ရွာအနီးမှတောအုပ်ကလေးမှာ ထင်းခွေဖို့သွားရာမှ အပြန်ချောင်းကလေး တစ်ခုမှာ ရေချိုးကြပါသတဲ့။ တစ်ချို့မိန်းခလေးတွေက ယက်သဲ့ကလေးဖြင့် ငါးဖမ်းသလို ကစားကြတာကိုမြင်တော့ မစောမဲကြည်လည်း လိုက်လုပ်ပါတယ်။ သူ့မရဲ့ယက် သက်ထဲကို ကျောက်ခဲတစ်လုံး ခဏခဏဝင်လာလို့ အဲဒီကျောက်ကို အိမ်သို့ယူလာခဲ့တယ်။ ကျောက်ကလေးက ညအမှောင်ထဲမှာ ရောင်တစ်ဖိမ့်ဖိမ့် တောက်နေတော့ အံ့သြကြရတယ်။ အမှန်က ပါရမီရှင်တို့ဆီ ရောက်လာတတ်သော ပတ္တမြားမျက်ရှင် ဖြစ်နေလေတော့သည်။ တစ်ယောက်စကား တစ်ယောက်နားဆိုသလိုပါပဲ တစ်ဖြည်းဖြည်းနဲ့ ရခိုင်ဘုရင်ဆီ သတင်းရောက်သွားခဲ့တော့တယ်။ ဒါကြောင့် ရမ္မာဝတီမြို့စားမှ တဆင့်မြောက်ဦးမြို့ကို အရောက်ပို့ကာဆက်သစေတယ်။ နန်းတော် ရောက်တော့ ပတ္တမြားကျောက်ထည့်ယူလာတဲ့ သေတ္တာကလေးထဲမှာ ဘာမှ မတွေ့ရတော့ပါ။ ဒါကြောင့် ရခိုင်ဘုရင်ကိုယ်တိုင်ချီတက်လာပြီး ပတ္တမြား ကျောက်ကိုရော စောမဲကြည်ကိုပါ သိမ်းယူသွားခဲ့တယ်။ “ရတနာရှိရာ
ဆက်ဖတ်ဖို့ဒေမှာပါကား

ဗိုလ်လောင်း ထက်ထက်အောင် (ခ) ခိုင်ထက်အောင်(ကျောက်ဖြူ)

ဗိုလ်လောင်း ထက်ထက်အောင် (ခ) ခိုင်ထက်အောင်(ကျောက်ဖြူ)

ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ရီမျက်အုပ်စု၊ ကျူလွှင့်ကျေးရွာ၌ ၁၉၉၀ ခုနှစ်၊ ဇွန်လ (၁၇) ရက်နိတွင် မွီးဖွားခပါသည်။ အဘာမှာ ဦးအောင်ထွန်းကျော်(လယ်လုပ်)နှင့် အီးယောင်မှာ ဒေါ်နုသာဦးရို့ဖြစ်ကတ်ပါသည်။ မွီးချင်းမောင်နှမ (၂) ယောက်ထဲတွင် အထွီးဆုံးသားဖြစ်ပါသည်။ အ.မ.က ကျူလွှင့်၊ အ.လ.က ဗားရဗာနှင့် အ.ထ.က စနဲရို့တွင် ဝချေတန်းမှ တက္ကသိုလ်ဝင်တန်းအောင်မြင်သည်အထိ ပညာသင်ယူခပါသည်။
မိသားစုစားဝတ်နီရီးအတွက် အလုပ်လုပ်ယင်း ဝင်ငွေရှာဖွီခရပါသည်။ ၂၀၀၉ ခုနှစ်တွင် မလေးယှားနိုင်ငံသို့ ထွက်ခွာခပါသည်။ မလေးယှားတွင်ဟိနီစဉ် ရက္ခိုင့်တပ်မတော်နှင့် အဆက်အသွယ်ရဟိခပါသည်။
ဆက်ဖတ်ဖို့ဒေမှာပါကား

ရခိုင်မဟာရာဇဝင်ကြီး” ကျမ်းပြု ဆရာကြီးထွန်းရွှေခိုင်၏ ကိုယ်ရေးအကျဉ်း

ရခိုင်မဟာရာဇဝင်ကြီး” ကျမ်းပြု ဆရာကြီးထွန်းရွှေခိုင်၏ ကိုယ်ရေးအကျဉ်း



---------------------------------------------------------------------------
“ရခိုင်မဟာရာဇဝင်ကြီး” ကျမ်းပြု ဆရာကြီးထွန်းရွှေခိုင်ကို ရခိုင်ပြည်နယ်၊ ရမ်းဗြဲ့မြို့၊ အဖ ကုန်သည်ကြီး ဦးလာဘ၊ အမိ ဒေါ်ငွေချိန်တို့မှ ၁၉၄၉ ခုနှစ်တွင် မွေးဖွားသည်။ အမည်ရင်းမှာ ဦးထွန်းရွှေဖြစ်သည်။
၁၉၇၂ ခုနှစ်တွင် ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှ ဝိဇ္ဇာ(ပထဝီ)ဘွဲ့ကို ရရှိခဲ့သည်။ ထိုနှစ်မှာပင် လုပ်သားများကောလိပ်၊ ပထဝီဝင်ဌာနတွင် အချိန်းပိုင်းနည်းပြအဖြစ် တာဝန်ထမ်းဆောင်သည်။ ၁၉၇၃ ခုနှစ်
တွင် စစ်တွေဒေသကောလိပ်၌ ပထဝီသင်နည်းပြအဖြစ် ဆေက်လက်တာဝန်ထမ်းဆောင်သည်။ ၁၉၇၇ ခုနှစ်တွင် “စစ်တွေမြို့မြေအသုံးချရေး” စာတမ်းဖြင့် ရန်ကုန်တက္ကသိုလ်မှ မဟာဝိဇ္ဇာတန်းဖြေဆိုအောင်
မြင်ပြီးနောက် စစ်တွေဒေသကောလိပ်တွင် ပထဝီဌာန လက်ထောက်ကထိက၊ ဌာနမှူးအဖြစ်ခန့်အပ်ခြင်းခံရသည်။ ၁၉၇၈ ခုနှစ်တွင် မော်ကွန်းထိန်းအဆင့်(၂)ဖြင့်လည်းကောင်း၊ စစ်တွေဒီကရီကောလိပ်တွင်
မော်ကွန်းထိန်းအဆင့်(၁)ဖြင့် လည်းကောင်း တာဝန်များထမ်းဆောင်ခဲ့ပြီးနောက် ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့် ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်တို့တွင်လည်း တာဝန်များထမ်းဆောင်ခဲ့သည်။
ပါရဂူဘွဲ့ (Ph.D) အတွက် " Evolution of Rakhine Ancient Capitals" ရခိုင်သမိုင်းကျမ်းပြုစုတင်သွင်းခဲ့သည်။ ထွန်းရွှေခိုင် (မဟာဝိဇ္ဇာ) အမည်ဖြင့် ရခိုင်သမိုင်းစာအုပ်များနှင့် ရခိုင်ယဉ်ကျေးမှုဆိုင်ရာ
သုတေသနစာတမ်းများစွာ ရေးသားပြုစုခဲ့သည်။
ဆက်ဖတ်ဖို့ဒေမှာပါကား

Bottom Ad Slot (728x90)

စာရီးသားပီပို့ချင်ကေ

Name

Email *

Message *